၆ အောက်တိုဘာ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စီးပွားရေးတိုးတက်အောင်လုပ်ရန် နိုင်ငံတစ်ဝန်းမှာ ရက် ၈၀ စစ်ပွဲဆင်နွှဲရန် ပြောကြားလိုက်ကြောင်း အစိုးရသတင်းဌာန KCNA က ဒီနေ့ (အင်္ဂါနေ့) မှာ ကြေညာသွားပါတယ်။
ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အလုပ်သမားပါတီကွန်ဂရက်ရဲ့ အဓိက ဆုံးဖြတ်ချက်တစ်ခုကို အကောင်အထည်ဖော်ရန်အတွက် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတွင်းမှာ လက်တလော ရေကြီးရေလျှံမှု နဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးတွေဟာ စီးပွားရေးပိတ်ဆို့ အရေးယူခံထားရတဲ့ မြောက်ကိုရီးယားတွက် ဗူးလေးရာဖရုံဆင့်သလို ဖြစ်နေပါတယ်။
နိုင်ငံရဲ့ စီးပွားရေး တိုးတက်စေရန် လူအများစုပါဝင်ရမှာဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ ဦးဆောင်ရေး လုပ်ငန်းမှန်သမျှမှာ လက်ရှိအလုပ်ချိန်ထက် အချိန်ပိုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို အင်အားမြှင့် ဆောင်ရွက်ရန်အတွက် စစ်ပွဲနဲ့တင်စားပြောဆိုတာဖြစ်ကြောင်း၊ သံတမန်စကားလုံးအရဆိုရင် ပန်းတိုင်ရောက်အောင် ဗျူဟာမြောက်ဆောင်ရွက်ခြင်းလို့ ဆိုနိုင်ကြောင်း သတင်းဌာနက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အာဏာရ အလုပ်သမားပါတီကွန်ကရက်မှ နိုင်ငံရဲ့ စီးပွားရေး စီမံကိန်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလမှာ ချမှတ်ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားထုတ်လုပ်မှုနဲ့ ဒုံးကျည်ထုတ်လုပ်မှုတွေကြောင့် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုဒဏ် ခံနေရပါတယ်။
MDN
ကိုးကား- AFP