မန္တလေး  ၆ အောက်တိုဘာ

ကမ္ဘာ့ဆရာများနေ့အထိန်းအမှတ် တက္ကသိုလ်မှ ဆရာ၊ ဆရာမများမှ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီများသို့ စုပေါင်းလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မန္တလာတက္ကသိုလ်ပညာရေးမိသားစု၊ မုံရွာစီးပွားရေး တက္ကသိုလ် ပညာရေးမိသားစု၊ မိတ္ထီလာတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ် တို့က စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

 

‘Covid-19 ကမ္ဘာ့ကပ်ရောဂါဘေးဆိုးဒါဏ်ကို ခံစားနေကြရတဲ့ ပြည်သူတွေအတွက် တက်စွမ်းသမျှ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ထည့်ဝင်လှူဒါန်းတာ ဖြစ်ပါတယ်’ဟု  မန္တလာတက္ကသိုလ် ပါမောက္ခ ဒေါက်တာသက်ခိုင်က ပြောသည်။

 

မန္တလာတက္ကသိုလ်ပညာရေးမိသားစုမှ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဗဟိုသို့ ကျပ် ၁၆ သိန်းကျော်၊ မန္တလေးတိုင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီသို့ ကျပ် ၅ သိန်း၊ မုံရွာစီးပွားရေးတက္ကသိုလ်ပညာရေးမိသားစုနှင့် မိတ်ဆွေများမှ ကျပ် ၃၇ သိန်းကျော်  စသဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။ မိတ္ထီလာတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ် တို့မှလည်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဗဟို၊ မန္တလေးတိုင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

မေသက်ထား