မင်းကင်း ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ကိုဗစ်-၁၉ ကာလဖြစ်၍ ဆေးခန်းများ ပိတ်ထားပြီး ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်ရန်ရည်ရွယ်၍ အခမဲ့ဖျားနာကုဆေးခန်း Fever Clinic ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန၏ ကြီးကြပ်မှုဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ နေ့စဉ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် လုပ်အားပေးဆရာဝန်(၁)ဉီး၊ သူနာပြု(၂)ဉီး၊ သားဖွား(၂)ဉီး၊ ကြီးကြပ်-၂(၁)ဉီးနှင့် အလုပ်သမား (၁)ဉီးတို့က ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေသက်(ပြန်/ဆက်)


