၆ အောက်တိုဘာ
အာဖဂန်အစိုးရတပ်ဖွဲ့များက စစ်သွေးကြွများအား နှိမ်နင်းခဲ့ရာ တာလီဘန်စစ်သွေးကြွ ငါးဦး သေဆုံးခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ တာခါနှင့်ကူဒက်ဇ်ပြည်နယ်ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း တာခါပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဂျာဝတ် ဟာဂျာရီ က ယနေ့ပြောကြားခဲ့သည်။
တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် တာလီဘန်စစ်သွေးကြွများသည် အဝေးပြေးလမ်းမကြီးနေရာများကို သိမ်းပိုက်ထားပြီး တနင်္ဂနွေနှင့်တနင်္လာနေ့တို့တွင် ယာဉ်အသွားအလာကို ပိတ်ထားခဲ့ပြီး လမ်းမတစ်လျှောက်ရှိ တံတားအချို့ကိုလည်း ဒိုင်းနမိုက်ဖြင့် ဖျက်ဆီးခဲ့သည်ဟု ထိုအရာရှိ က အခိုင်အမာဆိုသည်။
အဆိုပါ စစ်သွေးကြွများကို မောင်းထုတ်ရန် လုံခြုံရေးတပ်ဖွဲ့များက ယမန်နေ့ညနှောင်းပိုင်းက နယ်မြေရှင်းလင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး တာခါနှင့်ကူဒက်ဇ်ပြည်နယ်ကို ဆက်သွယ်ထားသည့် အရေးပါသော အဝေးပြေးမကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဟာဂျာရီက ပြောကြားခဲ့သည်။
နယ်မြေရှင်းလင်းလုပ်ငန်းများလုပ်ဆောင်ခဲ့ရာ စစ်သွေးကြွ ငါးဦး သေဆုံးခဲ့ပြီး သုံးဦးအထက် အဖမ်းခံခဲ့ရကြောင်း ၎င်းက ပြောကြားသည်။
တာခါနှင့်အနီးနားရှိ ကူဒက်ဇ်ပြည်နယ်တို့တွင် လှုပ်ရှားနေသော တာလီဘန်စစ်သွေးကြများဘက်ကမူ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို