၆ အောက်တိုဘာ
အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယအကြိမ် များလာတဲ့အတွက် စည်းမျဉ်းတွေ ပြန်လည်တင်းကျပ်မှာဖြစ်ကြောင်း ဝန်ကြီးချုပ် မိုက်ကယ်မာတင် က တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်မှာ အင်္ဂါနေ့ ည ၁၁ နာရီကစပြီး ရောက်ရှိနေတဲ့နေရပ်မှာပဲ ဆက်လက် နေထိုင်ရန်၊ အဆောက်အအုံအတွင်းမှာ ကျင်းပမယ်လို့ စီစဉ်ထားတဲ့ အခမ်းအနားတွေ ဖျက်သိမ်းရန်၊ စားသောက်ဆိုင်နဲ့ ဘားတွေမှာ ဆိုင်ထိုင်စားခြင်းခွင့်မပြုကြောင်းနဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ရန် လိုအပ်တဲ့အလုပ်မှလွဲပြီး အွန်လိုင်းမှသာ အလုပ်လုပ်ရန် ပါရှိပါတယ်။
အဲဒီစည်းမျဉ်းစည်းကမ်းဟာ သီတင်း ၃ ပတ်ကြာမြင့်မှာဖြစ်ကြောင်း ရုပ်မြင်သံကြားကနေ တစ်ဆင့် ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဆွေးနွေးပွဲမှာ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက နိုင်ငံကိုဒုတိယအကြိမ် အသွားအလာကန့်ပိတ်ဆို့ (lockdown) ချရန် အကြံပေးခဲ့ပါတယ်။
ဝန်ကြီးက နိုင်ငံရဲ့ စီးပွားရေးနဲ့ ကျန်းမာရေးဌာနကိုလည်း ပိတ်ဆို့မှုမဖြစ်စေရန် အကြံပေးချက်ကို ငြင်းပယ်ခဲ့ပြီး အသွားအလာစည်းမျဉ်းတင်းကျပ်မှုသာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
လူဦးရေ ငါးသန်းသာနေထိုင်တဲ့ အိုင်ယာနိုင်ငံအတွက် တနင်္လာနေ့က ပိုးတွေ့ရှိသူ ၅၁၈ ဦး ရှိတယ်ဆိုတာ အလွန်များကြောင်း ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၈၁၀ ဦးရှိပြီး ပိုးတွေ့ရှိသူ ၃၈,၅၄၉ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP