မန္တလေး ၆  အောက်တိုဘာ

 

မန္တလေးမြို့ ကမ်းနားလမ်းတွင် ရာသီအလိုက် ကြက်သွန်မျိုးများကို  ရောင်းချလျက်ရှိရာ ပုံမှန် အရောင်းအဝယ် ဖြစ်နေကြောင်း  သိရသည်။ ကြက်သွန်မျိုး  ရောင်းဝယ်ရာ၌ ပထမပိုင်းတွင် ဥမျိုးများကို ရောင်းချပြီး နောက်ပိုင်းကာလတွင် အပင်မျိုးများကို တွင်ကျယ်စွာ ရောင်းချကြသည်။ ကြက်သွန်မျိုးများကို ဝါဆိုဝါခေါင်မှစကာ ပြာသိုလအထိ ရောင်းချကြသည်။ မန္တလေးမြို့ပေါ်ရှိ ကြက်သွန်မျိုးဆိုင်များမှာ  အခြားကုန်စည်များဖြင့် တွဲဖက်ရောင်းချကြသည်။

 

မန္တလေးကမ်းနားလမ်းရှိ ကြက်သွန်မျိုးဆိုင်များတွင် လက်ရှိကာလ ကြက်သွန်ဥမျိုးများကိုသာ  ရောင်းချလျက်ရှိသည်။ ဇန်နဝါရီလတွင် အပင်မျိုးများကို ရောင်းချလေ့ရှိသည်။ ကမ်းနားလမ်းရှိ ကြက်သွန်မျိုး အရောင်းဆိုင်တွင် ရောင်းချသော ကြက်သွန်မျိုးများကို မြစ်သားနယ်မှအဓိက တင်သွင်းလေ့ရှိသည်။ အများစု ရောင်းချသော ကြက်သွန်မျိုးမှာ ဇော်မွှားနှင့် ရွှေဖလား ကြက်သွန်မျိုးများကိုသာ ရောင်းချကြသည်။ 

 

ကြက်သွန်မျိုးကို နှစ်စဉ်ရောင်းချသည့်အတွက် ဝယ်ယူသူ ဖောက်သည်များ ပုံမှန်ရှိနေကြောင်းနှင့် ကြက်သွန်မျိုးဥ အသေးတစ်တင်းလျှင် ငွေကျပ် ၇၅၀၀၀ ကျပ်၊ အလတ်တစ်တင်းလျင် ငွေကျပ် ၇၀၀၀၀ ကျပ်၊ ကြက်သွန်မျိုးအကြီး တစ်တင်းလျင် ငွေကျပ် ၆၈၀၀၀ ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းအတက်အကျ ရှိကြောင်း သိရသည်။ 

 

တိမ်တမန်