ပုသိမ်ကြီး  ၆  အောက်တိုဘာ

 

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်မှ အထူးရဲတပ်ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပုသိမ်ကြီး အထကကျောင်းရှိ အောင်ဇမ္ဗူခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

 

သင်တန်းတွင် အထူးရဲသင်တန်းသား (၁၃၉)ဦးအား အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်နေ့ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကာ အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေမျိုးလင်း၊ မြို့နယ်ပညာရေးမှူး ဦးအောင်သိန်းထွန်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ဦးတင့်လွင်ဦးတို့ တက်ရောက်ခဲ့ကြသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)