ကျိုင်းတောင်း  ၆  အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊  ကျိုင်းတောင်းမြို့၌  နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ အသက် ၈၀ နှစ်မှ ၈၅ နှစ်ကြား ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က  ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ဝင်များက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ရာတွင် သက်ကြီးဘိုးဘွား(၂၀)ဦးနှင့် မသန်စွမ်းသူ(၅၆)ဦးတို့အား တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ၂၂၈၀၀၀၀ ကျပ်ကို အိမ်တိုင်ရာရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျိုင်းတောင်း(ပြန်/ဆက်)