ကျောက်ဆည် ၆ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အသုံးပြုရန်အတွက် ယနေ့ မွန်းလွဲ ၂ နာရီက အလှူရှင်များမှ အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူငွေနှင့် ပစ္စည်းများလှူဒါန်းရာတွင် ကျောက်ဆည်မြို့ မြို့ဦးရပ်ကွက်မှ ဦးစိုးတင့် (ငှက်ဖျားမှူး-အငြိမ်းစား)-ဒေါ်တင်တင်အေး(မိသားစု)တို့မှ အလှူငွေကျပ် သိန်း ၃၀ ၊ဘောဂဝတီရပ်ကွက်မှ ကိုသက်ပိုင်ဖြိုး (G-Engineering Training)မှ အလှူငွေကျပ် (၃)သိန်း၊ တောင်နံ့သာရပ်ကွက် ကိုမျိုးမင်းထွန်း-မသန္တာအောင်(မိသားစု)မှ အလှူငွေကျပ် ၂ သိန်း၊ ကံဦးရပ်ကွက် (ဇော်မိတ်ဆေးဆိုင်)မှ ငွေကျပ် ၆ သိန်းတန်ဖိုးရှိ N95 (၁၂၀)ခု၊ ကုန်တင်ယာဉ်ကြီးများအသင်းမှ ငွေကျပ် ဆယ်သိန်းငါးသောင်းတန်ဖိုးရှိ PPE(Suit) အခု (၁၀၀)၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဆရာဦးထွန်းထွန်း ဝင်းနှင့် ပညာရေးမိသားစုမှ ၇၂၀၀၀ ကျပ်၊ ဆရာဦးကိုလေးနှင့် ပညာရေးမိသားစုမှ ၈၇၀၀၀ ကျပ် အသီးသီး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါအလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင် ပြန်/ဆက်)


