ပွင့်ဖြူ ၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရေးအတွက် အလှူငွေနှင့် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက Asian Crops Global စိုက်ပျိုးရေးဆေးကုမ္ပဏီ (မကွေးတိုင်းဒေသကြီး)နှင့် ဩမာန်စိုက်ပျိုးရေး ဆေးရောင်းဝယ်ရေး (ပွင့်ဖြူမြို့)တို့ပူးပေါင်း၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ ထောက်ပံ့လှူဒါန်းရာတွင် Asian Crops Global စိုက်ပျိုးရေးဆေးကုမ္ပဏီ (မကွေးတိုင်းဒေသကြီး)မှ တာဝန်ခံ မန်နေဂျာ ဦးအောင်သပြေညွန့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဩမာန်စိုက်ပျိုးရေး ဆေးရောင်းဝယ်ရေး (ပွင့်ဖြူမြို့)မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် ၃၀၀၀၀၀ နှင့် နှာခေါင်းစည်း အခုရေ ၁၀၀ အား မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ ပေးအပ်လှူဒါန်းရာ မြို့နယ်ကော်မတီဉက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)


