ပူတာအို ၆ အောက်တိုဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှုများကို ယနေ့ နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမိုးအောင်နှင့် အဖွဲ့ဝင်များက မဲဆန္ဒနယ်မြေများတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ အကျယ်တဝင့်သိရှိနိုင်ရန်နှင့် ယခုတစ်ကြိမ်သည် နောက်ဆုံးအကြိမ် ကပ်ထားကြေညာခြင်းဖြစ်ရာ မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ လာရောက်ကြည့်ရှုစစ်ဆေးပြီး မပါဝင်ပါက သတ်မှတ်ပုံစံများအတိုင်း လျှောက်ထားနိုင်ရေးအတွက် အသိပေးနှိုးဆော်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁)အုပ်စုတွင် မဲရုံပေါင်း (၁၇)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၅၇၉၉)ဦးရှိပြီး အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခွန်လင်းဦး (ပြန်/ဆက်)


