ပင်လုံ ၇ အောက်တိုဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်မှ ထွက်ရှိသည့် လိမ္မော်သီးနှင့် မောက်မယ်မြို့နယ်မှ ထွက်ရှိသည့် ရှောက်ချိုသီးများကို ပင်လုံမြို့၌ မဟာရဌာဘိသာမဂ္ဂီစေတီ တော်ရှေ့ ပြည်ထောင်စုလမ်းမကြီးဘေးတွင်  ရောင်းချလျက်ရှိသည်။ ထိုသို့ ရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့် လိမ္မော်သီးနှင့် ရှောက်ချိုသီးများသည် ဈေးကောင်း ရရှိကြောင်း သိရသည်။

 

လိမ္မော်သီးနှင့် ရှောက်ချိုသီးများကို ရပ်စောက်မြို့နယ်မှ တင်သွင်းပြီး အလုံးအကြီးအသေးပေါ်မူတည်၍ (၁၀)လုံးကို (၂၀၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိ လည်းကောင်း၊ ရှောက်ချိုသီးကို မောက်မယ်မြို့နယ်မှ တင်သွင်းပြီး အလုံးအကြီးအသေး ပေါ်မူတည်၍ (၁၀)လုံးကို ငွေကျပ် (၃၀၀၀)မှ (၄၀၀၀)အထိ လည်းကောင်း၊ ပေါ်ခါစဖြစ်၍ ဈေးကောင်းရရှိကြောင်း၊ နောက်ပိုင်းတွင် အထွက်နှုန်းများလာပြီး ရောင်းချသူများ လာပါက ဈေးနှုန်းကျဆင်းနိုင်ကြောင်း၊ ပင်လုံမြို့တွင် စားသုံးသူများပြား၍ ရောင်းချမှုအဆင်ပြေပြီး မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)