ကျောက်ပန်းတောင်း  ၇  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် ရောင်းဝယ်ရေးသမဝါယမအသင်းက အသင်းသား(၇၆၇)ဦးတို့အတွက် ကိုဗစ်ကာလထောက်ပံ့မှုအဖြစ် ဆန်နှင့်ဆီ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၆၅၈၄၀၀) အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီက အဆိုပါ ရပ်ကွက်အသင်းရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သာယာအေးရပ်ကွက် သမဝါယမအသင်းကို ၂၈-၂-၂၀၁၄ ခုနှစ်တွင် အသင်းသား(၂၈၀)ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အသင်းသားဦးရေ(၇၆၇)ဦးအထိ ရှိလာခဲ့ကြောင်းနှင့် နှစ်စဉ် အသင်းနှစ်ပတ်လည် စုံညီအစည်းအဝေးနေ့များတွင် ထင်းမင်းပေါင်းအိုး၊ စတီလ်းချိုင့်၊ စောင်အစရှိသည့် ပစ္စည်းများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ရာမှ ယခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် နှစ်ပတ်လည်အစည်းအဝေး မပြုလုပ်နိုင်သော်လည်း၊ ရပ်ကွက်အသင်းသားများ ကိုဗစ်ကာလ စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက်၊ အသင်းသားတစ်ဦးလျှင် ဆန်(၆)ပြည်နှင့် ဆီ(၅၀)ကျပ်သား တန်ဖိုးအားဖြင့် ငွေကျပ်(၁၅၂၀၀)ကို အသင်းသား(၇၆၇)ဦးတို့အတွက် စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၁၆)သိန်းကျော် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက် သမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းညွန့်က ပြောသည်။

 

နေအောင်(ပြန်/ဆက်)