ကာမိုင်း  ၇   အောက်တိုဘာ     

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့အတွင်း၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယ(နောက်ဆုံး)အကြိမ်မြောက် ကပ်ထား ကြေညာမှုအရ ကာမိုင်းမြို့အတွင်းရှိ မြို့ပေါ်တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုတို့တွင် မဲရုံပေါင်း ၈ ရုံဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၈၉၆ ဦး ရှိကြောင်း သိရသည်။

 

ထိုသို့ ကာမိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီခြောက်ခုနှင့် တစ်သီးပုဂ္ဂလတစ်ဦးရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ခုနစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ငါးဦး၊ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ ရှမ်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ လီဆူ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်း ရှစ်ဦးနှင့် ရဝမ်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်း ခြောက်ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၄၇ ဦးတို့  အသီးသီး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)