လှိုင်းဘွဲ ၇ အောက်တိုဘာ   

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Covid–19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ (Cs To Rs) စိုက်ပျိုးထားသော မျိုးစေ့ထုတ် စပါးစိုက်ခင်းဧရိယာများတွင် စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ယမန်နေ့က ဒိုင်းပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးစေ့ထုတ်စပါးခင်းများအတွင်း ခရုများကျရောက်လာပါက စပါးများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေး၍ နှိမ်နင်းခြင်း၊ လိုအပ်သည့် နည်းပညာနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခရုကောက်၍ ဖျက်ဆီးခြင်း စသည့်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက လှိုင်းဘွဲ မြို့နယ်အတွင်းရှိ မျိုးစေ့ထုတ် စပါးစိုက်တောင်သူများအား အသိပညာပေး ဆောင်ရွက်လျက်ရှိ ဒိုင်းပြကျေးရွာ မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း စပါးပင်များအား ခရုဖျက်စီးခြင်း အန္တရာယ်မှ ကာကွယ်နိုင်ရန် အစာသစ် ထည့်သွင်းပြီး ခရုများ ကောက်ယူခြင်းနှင့် နှိမ်နင်းခြင်းလုပ်ငန်းကို စိုက်ပျိုးရေး ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)