သုံးခွ  ၇ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် အောင်ပန်းစိန်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးမှုတွင် တောင်သူ ဦးမန်းထွန်းအောင်၏ လယ်နှစ်ဧက၌ စိုက်ပျိုးထားသော ဆင်းသုခစပါးစိုက်ခင်းမှာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို အောက်တိုဘာ ၇ ရက်က တွေ့မြင်ရပြီး ရင့်မှည့်လာ၍မကြာမီ ရိတ်သိမ်းရတော့မည်ဟု သိရသည်။

 

အဆိုပါ စပါးမျိုးများမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကာလတွင် တောင်သူများ မျိုးကောင်း မျိုးသန့် စပါးမျိုးများ အသုံးပြုစိုက်ပျိုး၍ စပါးအထွက်နှုန်းတိုးစေရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်တန့်ရောင်စီမံချက်ဖြင့် ကျေးရွာအုပ်စု ၅၆ အုပ်စုမှ တောင်သူ ၁၀၁၆ ဦးအား တစ်ဧက တစ်တင်းခွဲနှုန်းဖြင့် ဧက ၃၉၀၀ အတွက် တင်းပေါင်း ၅၈၅၀ ကို ဇွန် ၉ ရက်က ထောက်ပံ့ ပေးအပ်ခဲ့သော ဆင်းသုခစပါးစပါးမျိုးများဖြစ်ကြောင်း​ သိရသည်။

ကိုကျော်(သုံးခွ)