မိုင်းရယ် ၇ အောက်တိုဘာ
မိုင်းရယ်မြို့နယ်၊ နားလီကျေးရွာအနီးရှိ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းပေါ်တွင်ရှိသည့် လမ်းပိုင်းသည် မိုးသည်းထန်းစွာရွာသွန်းပါက နှစ်စဉ် ရေကျော်မှုများဖြစ်ပွားသည့် နေရာတစ်ခုဖြစ်သည်။
အဆိုပါ နားလီကျေးရွာအနီးရှိ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းပေါ်တွင်ရှိသည့် လမ်းအား လမ်းအထူးအဖွဲ့(၆)မှ လမ်းမြှင့်တင်ခြင်းအား ဆောင်ရွက်လျက်ရှိရာ မိုးရွာသွန်းမှုများကြောင့် ယမန်နေ့၊ မွန်းလွဲ (၂)နာရီခန့်မှ စတင်ပြီး တွဲကားတစ်စီး လမ်းချော်နေမှုကြောင့် လမ်းယာယီပိတ်မှုဖြစ်ပွားခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လမ်းအထူးအဖွဲ့(၆)မှ တာဝန်ရှိသူများက လမ်းရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
မြို့နယ် ပြန်/ဆက်


