ချီဖွေ ၇  အောက်တိုဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌  Covid-19 စီးပွားရေးကုသမှုအစီ အစဉ်အရ ထောက်ပံ့ရန်ကျန်ရှိသော  မသန်စွမ်းသူများအား ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို အောက်တိုဘာ ၆ ရက်  နံနက်ပိုင်းမှစ၍  ချီဖွေမြို့နယ်မြို့နယ်အတွင်းရှိ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းမျာက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေများကို ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ ဘဏ္ဍာရန်ပုံငွေမှ ချီဖွေမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၄၀)ဦးနှင့် ပန်ဝါမြို့ပေါ် ရပ်ကွက်(၃)ဦး စုစုပေါင်း (၄၃)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)နှုန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၂,၉၀၀၀၀) ကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းမြင့်(မြို့နယ် ပြန်/ဆက်)