မင်းကင်း ၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မောက္ကတော်အုပ်စု စနဗျင်း ကျေးရွာတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော တောင်သူ ဉီးညွန့်မောင် မျိုးစေ့ထုတ်ကွက် တွင် (EMဘိုကာရှိ) သဘာဝမြေဆွေး ပြုလုပ်ပုံနှင့်သုံးစွဲနည်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝမြေဆွေးပုံများ ပြုလုပ်သုံးစွဲနည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချစ်ကိုကို၏ လမ်းညွှန်မှုဖြင့် မျိုးစေ့ထုတ်ကွက်စိုက်ခင်းတွင် (EMဘိုကာရှီ) သဘာဝ မြေဆွေးပုံများ ပြုလုပ်သုံးစွဲနည်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးညီညီစိုးနှင့် ဝန်ထမ်းများက လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မေသက်(ပြန်/ဆက်)


