နေပြည်တော်  ၇  အောက်တိုဘာ


 
မြန်မာ့ရုပ်ရှင်ရာပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ်(၁၀၀)ကို တစ်ပတ်လျှင် (၁၀)ပုဒ်ဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည(၈)နာရီသတင်းများအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ  အောက်တိုဘာ  ၉ ရက် ညတွင် ပွဲစဉ်( ၁၀ )အဖြစ် PLUS THREE  တေးဂီတ အဖွဲ့နှင့်အတူ တေးသံရှင် အကယ်ဒမီ နေအောင်၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ ဖြိုးကြီး၊ မိုးထက်မြင့်၊ Mဇော်ရိန် ၊ မေခလာ ၊ အိုင်ရင်းဇင်မာမြင့်၊ ပိုပိုဟေသာ၊ ပိုးမီ ၊ မေ ၊ ဝင်းပပသိန်းတန် တို့ကဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။ 

 

အဆိုပါတင်ဆက်ခဲ့မှုကို အောက်တိုဘာ ( ၁၁ )ရက် ၊ တနင်္ဂနွေနေ့ ၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်