ရန်ကုန် ၇ အောက်တိုဘာလ
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ တက်လမ်းအသေးစားချေးငွေလုပ်ငန်း သမဝါယမ အသင်းလီမိတက်သည် အသင်းသား (၅၀၉) ဦး၏ အစုထည့်ဝင်ငွေကျပ် ၂၅ ဒသမ ၄၅ သိန်း၊ စုဆောင်းငွေကျပ် ၁၁၈ ဒသမ ၆၀၅ သိန်းရှိပြီး ထုတ်ချေးငွေကျပ် ၅၉၉ ဒသမ ၀၂၂ သိန်းအား ထုတ်ချေးပေးလျက်ရှိသည်။
ယင်းသို့ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများထံမှ ချေးငွေကောက်ခံမှုကို ခေတ္တရပ်နားပေးသည့်အပြင် အသင်းသားများမှ အသင်းသို့ ပေးရန်ရှိသော အတိုးငွေများအား ကောက်ခံခြင်းမရှိဘဲ ဖြေလျော့ပေးခြင်း၊ ချေးငွေအသစ် ထပ်မံထုတ်ချေးပေးခြင်း၊ စုဆောင်းငွအပေါ် ချီးမြှင့်ငွေများ ထုတ်ပေးခြင်းနှင့် အသင်းသားများအား Mask များ အခမဲ့ဝေငှပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သမဝါယမဦးစီးဌာန


