မုဒုံ ၇ စက်တင်ဘာ
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားမှုအရ မဲပေးပိုင်ခွင့်ရှိသူ အမျိုးသား (၈၄၈၅၆) ဦး၊ အမျိုးသမီး (၉၂၂၇၁) ဦး စုစုပေါင်း (၁၇၇၁၂၇) ဦးရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများမှ ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံနှင့်အညီ လာရောက်ကြည့်ရှုနိုင်ရေး ပိုစတာများနှင့် လက်ကမ်းစာစောင်များဖြင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မဲစာရင်းတွင် မိမိ၏အမည် ပါဝင်ခြင်းရှိ/မရှိနှင့် အချက်အလက်များ မှားယွင်းနေပါက သတ်မှတ်ကာလအတွင်း ပြန်လည်ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာ ပေးထားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


