နမ္မတူ     ၇  အောက်တိုဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်ရှိ အသက် (၈၀)နှစ်မှ (၈၅)နှစ်ကြား သက်ကြီးဘိုးဘွား ၂၀၅ ဦးကို  ယမန်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တာဝန်ရှိသူများက အဖွဲ့ခွဲပြီး နမ္မတူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား  အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။   

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ  အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် နမ္မတူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၂၀၅)ဦးအတွက် စုစုပေါင်းငွေကျပ် (၆၁)သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

လူမော် (ပြန်/ဆက်)