၈  အောက်တိုဘာ

ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား အောင်ဘာလေ ထီလက်မှတ်များ ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူကံစမ်းနိုင်ရေး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် အောင်ဘာလေထီ တစ်စောင်ကျပ် (၁၀၀၀)ဖြင့် ရောင်းချသည့် ထီအရောင်းဆိုင်များ ဖွင့်လှစ်၍ လွတ်လပ်စွာ ရောင်းချပေးလျက်ရှိသည်။

 

ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အထူးအစီအစဉ်အဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ စတင်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ အထိ(၁)နှစ်တာ ကာလထီတစ်စောင် (၉၈၅)ကျပ်ဖြင့် ဝယ်ယူကံစမ်းခွင့် ကိုယ်စားလှယ်ကတ်များ ပြုလုပ်ပေးလျက်ရှိသည်။ ထီကိုယ်စားလှယ်များသည် လစဉ်အနည်းဆုံး ထီစောင်ရေ(၅၀)ဝယ်ယူ ရမည်ဖြစ်ပြီး ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ အောင်ဘာလေထီ အရောင်းဆိုင်တွင် ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။ 

မောင်ပြည်သူ(မန္တလေး)