ကျောက်ဆည် ၈ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဇော်ဂျီရေသောက်စနစ် ဇီးတောရေလွဲဆည်အတွင်း မြန်မာပြည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများပြားခဲ့ပြီး ဇော်ဂျီမြစ်မှရေများ ဇီးတောရေ လွဲဆည်အတွင်း ဝင်ရောက်ခဲ့သည်။
ဇီးတောရေလွဲဆည်သည် အလျား ပေ ၁၅၀၊ အမြင့် ၆ ပေ၊ သံမဏိ ရေတံခါး (၅)ချပ် ရှိပြီး ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်း စိုက်ပျိုးမြေဧရိယာ (၂၄၇၅၀) ဧကအား ဆောင်သီးနှံနှင့် သီးထပ်စပါးများစိုက်ပျိုးနိုင်ရေး ရေပေးဝေလျက်ရှိသည်။
မောင်ပြည်သူ(မန္တလေး)


