ရှမ်းရွာသစ် ၈ အောက်တိုဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် ယာယီပိတ်ထားသည့်အတွက် Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကလေးစာဖတ်ခန်းတွင် စက္ကူခေါက်ခြင်း အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ရိုက်ကူးဆောင်ရွက်ရာတွင် ဒေါ်ဇင်မိုးအေး (ရုပ်သံကျွမ်းကျင်-၃)က ရောင်စုံစက္ကူများနှင့် ကြယ်ခေါက်ပြခြင်းကို ရှမ်းရွာသစ်မြို့ပြည်သူ့စာကြည့်တိုက် Page တွင် Online မှ ထုတ်လွှင့်ပြသနိုင်ရန် အတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ့စာကြည့်တိုက် ခေတ္တပိတ်ထားသည့် အချိန်တွင် ပြည်သူများ ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော်လည်း စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စက္ကူခေါက်ပြ ခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်နှင့် Talk Show များ၊ ပြည်သူများ သိသင့်သည့် အသိပညာပေး လုပ်ငန်းများ၊ ဒေသဆိုင်ရာ သတင်းအချက်အလက်များကို IPRD Shanywarthit Page နှင့် ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက် Page တို့တွင် Online မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)