ကရင် ၈ အောက်တိုဘာ
လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ-မဲသဝေါလမ်း ကတ္တရာလမ်းအရှည် (၃၁/၀)မိုင်အတွင်း၌ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပေါ်လမ်းမြေပြိုကျခြင်း၊ ရေတိုက်စားခြင်းကြောင့် ကတ္တရာလမ်းနှင့် Box Culvert များ ချို့ယွင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
သို့ဖြစ်ပါ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန (ပြည်ထောင်စု) သဘာဝဘေးအရေးပေါ် ရန်ပုံငွေကျပ် (၁၁၇ ဒသမ ၁၉၀) သန်းဖြင့် မိုင်တိုင်(၂၄/၇)တွင် (၂၅၀'x ၁၈') ကတ္တရာ ခင်းခြင်း၊ မိုင်တိုင် (၃၁/၂)တွင် (၂၅၀'x၁၈') ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ မိုင် တိုင် (၂၁/၂)တွင် (၁၀') Box Culvert (၁)ခု တည်ဆောက်ခြင်း၊ မိုင်တိုင် (၂၇/၄)တွင် (၂၅၀'x၆') လမ်းအကျယ်ချဲ့ခြင်း၊ မိုင်တိုင် (၃၀/၁)တွင် (၂၀၀') တောင်ကမ်းပါးယံ မြေဖြတ်ခြင်း၊ မိုင်တိုင် (၃၁/၂)တွင် (၂၀၀'x၁၅'x၈') မြေဖို့ခြင်းလုပ်ငန်း၊ မိုင်တိုင် (၂၉/၀)တွင် (၅၅') မြေကာနံရံ ဆောင်ရွက်ခြင်း၊ မိုင်တိုင် (၃၀/၁)တွင် (၅၀'x၁၈') ကျောက်ကြီးစီ မြေထိန်းနံရံဆောင် ရွက် ခြင်း၊ မိုင်တိုင်(၃၁/၂)တွင် (၂၅၀'x၁၅') ကျောက်ကြီးစီမြေထိန်းနံရံလုပ်ငန်းနှင့် မိုင်တိုင် (၂၄/၀) တွင် (၈၀'x၁၈') ကျောက်ကြီးစီ မြေထိန်းနံရံ လုပ်ငန်းစသည့် လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း(၁၀)ခု ပါဝင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး (၁၀၀ ရာခိုင်နှုန်း) ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်စပ်ရေးရာဝန်ကြီးဌာန (ပြည်ထောင်စု) သဘာဝဘေးအရေးပေါ် ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ-မဲသဝေါလမ်း (၃၁/၀)မိုင်ပေါ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်း/ တံတား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အောက်တိုဘာ ၅ ရက်တွင် ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် အင်ဂျင်နီယာအဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။
လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်းတွင် လမ်း/တံတားပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ခြင်း၊ ဒေသ၏ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝအခြေအနေ များစွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။
(သတင်းစဉ်)


