မဘိမ်း ၈ အောက်တိုဘာ   

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများကို အခြေခံပညာကျောင်း များတွင် ဖွင့်လှစ်နိုင်ရန်အတွက် မဲရုံဆောင်ရွက်မည့် အခြေခံပညာကျောင်းများအား မဘိမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း၌ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

 

ဖွင့်လှစ်မည့် မဲရုံများတွင် မဲဆန္ဒရှင်များ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး  ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

 

မဘိမ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၆)အုပ်စုတွင် လျာထား မဲရုံအရေအတွက် ၄၄ ရုံရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)