ဖရူဆို   ၈   အောက်တိုဘာ

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် Online ပညာပေး အစီအစဉ်ဆောင်ရွက်လျက်ရှိရာ သဘာဝပန်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် ၁၀ နာရီခွဲက Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးသူက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သော ပြည်သူများ အနေဖြင့် အသိပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်  Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  ဒီးမော့ဆိုမြို့နယ် သစ်တော ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစွမ်းထက်ကို၊ ဖရူဆိုမြို့နယ်တာဝန်ခံ ဦးကျော်သူလင်း တို့က သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းအောင် ကြိုတင်ကာကွယ်ရမည့် လုပ်ငန်းများ၊ သစ်တော်ဦးစီးဌာနအနေဖြင့် ပါဝင် လုပ်ဆောင်ပေးရသည့် အခန်းကဏ္ဍများနှင့် မိမိတို့ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ ထိခိုက် ပျက်စီးမှုလျော့ချနိုင်ရေးအတွက် ပြည်သူများပါဝင်လုပ်ဆောင်ရမည့် အခန်းကဏ္ဍ စသည်များကို ဆွေးနွေးပြောကြားသွားခဲ့ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)