မိတ္ထီလာ   ၈  အောက်တိုဘာ

မိတ္ထီလာမြို့နယ် ပညာရေးဝန်ထမ်းများမှ နိုင်ငံတော်က အတိုးမဲ့ထုတ်ချေးပေးသည့် လစာနှစ်လစာချေးငွေ များ ရရှိသည့်အထဲမှ တစ်ဦးလျှင် ငွေကျပ် တစ်ထောင်စီ ထည့်ဝင်စုပေါင်းရရှိသည့် ငွေကျပ် နှစ်ဆယ့် ငါးသိန်းခုနစ်သောင်းငါးထောင်ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံသို့  ယနေ့ နံနက် ၁ဝ နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်ထံသို့ လှူဒါန်းငွေ နှစ်ဆယ့်ငါးသိန်းခုနစ်သောင်းငါးထောင်ကျပ်ကို မြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။ 

 

မိတ္ထီလာမြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကျောင်းဆရာ ဆရာမများ စုပေါင်း၍ နိုင်ငံတော်မှ အတိုးမဲ့ နှစ်လစာထုတ်ချေးငွေများထဲမှ တစ်ဦးကို တစ်ထောင်ကျပ်နှုန်း ထည့်ဝင် လှူဒါန်းကာ ယခုကဲ့သို့ စုပေါင်းလှူဒါန်းခြင်းဖြစ်သည်။ မိတ္ထီလာ ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ ထံသို့လည်း လှူဒါန်းငွေ သုံးသိန်းငါးသောင်းကျပ်ကိုလည်း မြို့နယ်ပညာရေးဝန်ထမ်းများက စုပေါင်း၍ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)