မုံးကိုး   ၈ အောက်တိုဘာ

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့် အသက်(၈၅)နှစ်ကြားရှိ သက်ကြီးရွယ်အို စုစုပေါင်း ၄၆ ဦးအား အောက်တိုဘာ ၇ ရက်တွင် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်နှင့် တာဝန်ရှိသူများက သက်ကြီးရွယ်အို တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သန်းဇော်ဦး(ပြန်/ဆက်)