ထန်တလန် ၈ အောက်တိုဘာ

 

ချင်းပြည်နယ်၊ ဟားခါးခရိုင် ထန်တလန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယနေ့နံနက် ၉ နာရီက ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး (Talk Show) ကို Online မှ တင်ဆက်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ကျင်ငိုက်မန်နှင့် ထန်တလန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်‌အောင်လိန်းတို့က ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်မဲနှင့် သက်ကြီးရွယ်အိုဘိုးဘွားများ၊ မသန်စွမ်းသူများ မဲပေးခွင့်ဆိုင်ရာများ၊ မဲပေးသည့်အခါ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရန်နှင့် မဲပေးရာတွင် ပယ်မဲမဖြစ်စေရေးအတွက် အထူးသတိပြု လိုက်နာရမည့်အချက်များကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ အစီအစဉ်များကို Online မှ တင်ဆက် ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)