တိုကျို ၈ အောက်တိုဘာ
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသော မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများက ယနေ့နံနက် ၈ နာရီခွဲမှစ၍ မြန်မာသံရုံး၊ တိုကျိုမြို့တွင် ဖွင့်လှစ်ထားသည့် မဲရုံ၌ ဆဌမနေ့အဖြစ် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးခဲ့ကြသည်။
ယနေ့တွင် တိုကျိုမြို့တော်နှင့် ကန်တိုဒေသမှ Chiba, Kanagawa, Saitama, Ibaraki, Tochigi, Gunma ပြည်နယ်များ၌ နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား (၂၈၄) ဦးမှ မြန်မာသံရုံးသို့ လာရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းချက်များအရ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း နိုင်ငံခြာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN


