မန္တလေး ၈ အောက်တိုဘာ
ပြည်ကြီးတံခွန်မြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်းမှန်းချက်များ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ၊တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ တာဝန်ပေးအပ်ပွဲကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလရော်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မြတ်မြတ်သင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းလျာထားချက်များအား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ပြည်ကြီးတံခွန်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဉက္ကဋ္ဌက ပြည်ကြီးတံခွန်မြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်းမှန်းချက်များ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း လျာထားချက်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား တာဝန်ပေးအပ်သည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ငွေကျပ်သန်းပေါင်း (၁၄၀၆၃ ဒသမ ၈၅) နှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ငွေကျပ်သန်းပေါင်း(၆၁၀၁၂ ဒသမ ၆၈၂)တို့ဖြင့် ဒေသန္တရ စီမံကိန်း လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး အဆိုပါ တာဝန်ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


