တီးတိန် ၈ အောက်တိုဘာ
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ဓာတုဗေဒပစ္စည်းများ ကာကွယ်ထိန်းချုပ်ရေးနှင့် WHO မှ အတည်ပြုခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး များအပါအဝင် ကိုဗစ်ဆေးအတုများ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက တီးတိန်မြို့နယ်ရဲမှူး ခင်စိုးလွင် ဦးဆောင်သော သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၌ ဓာတုဗေဒပစ္စည်းများ ရောင်းဝယ်မှုမရှိစေရေး အသိပညာပေးပြီး ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ဆေးဆိုင်များတွင် ကိုဗစ်ဆေးအတုများ ရောင်းချဝယ်ယူခြင်း ရှိ/မရှိ စစ်ဆေးပြီး ဝယ်ယူရောင်းချခြင်းရှိပါက စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


