တောင်ကြီး  ၈  အောက်တိုဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၀ ၌ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်း အရှည် ၇ မိုင် ၂ ဖာလုံ၊ ကုန်ထုတ်တံတား နှစ်စင်း အရှည်ပေ ၄၀၊ ကျေးရွာ ၁၀ ရွာတွင် သောက်သုံးရေ ရရှိရေးလုပ်ငန်း ၁၅ ခု၊ ကျေးရွာ ၁၀ ရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ခုနစ်ယူနစ်၊ ကျေးရွာ ၂၂ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း VDP လုပ်ငန်း ၂၅ ခု၊ ကျေးရွာ ခုနစ်ရွာတွင် Cash for Work စီမံကိန်းလုပ်ငန်း ခုနစ်ခု၊ ကျေးရွာ ရှစ်ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ စုစုပေါင်းကျေးရွာ ၆၀ ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉၇၀ ဒသမ ၆ သန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၇၃ ဒသမ ၅၁၃ သန်း စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃၄ ဒသမ  ၁၁၉ သန်း ဖြင့်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ သိရသည်။

 

ဂျိုင်းလော(သတင်းစဉ်)

 

mdn