ကလေး  ၈  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောက်ဆီဂျင်စက် တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ECG စက် တစ်လုံးနှင့် အလှူငွေကျပ် သုံးသိန်းကို ဦးယော်ထုန်နှင့် ဒေါ်မာလုမိသားစု (မြနဒီသောက်ရေသန့်)မှ ယနေ့  ညနေ ၄ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လာရောက်လှူဒါန်းသည့် ပစ္စည်းများနှင့် ထောက်ပံ့ငွေကို ကလေးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးခင်မောင်ချိုနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အဆိုပါ အောက်ဆီဂျင်စက်(Oxygen Concentrator)နှင့် ECG စက်တို့အား ကလေးမြို့ ခုတင် (၃၀၀)ဆံ့ ဆေးရုံရှိ Medical Ward ဖျားနာကုသဆောင်တွင် အသုံးပြုနိုင်ရေးအတွက် အထူးကုသမားတော်ကြီး ဒေါက်တာမျိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)