ကလေးဝ  ၈  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှုရှိ မရှိကို ယမန်နေ့ ညနေက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့က စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လက်ဆေးရေ ထားရှိခြင်းရှိ မရှိ၊ ဆိုင်ပိုင်ရှင်များ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ခြင်းရှိ မရှိ၊ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)