ရန်ကုန်    ၈   အောက်တိုဘာ

တာမွေမြို့နယ်ရှိ Community Based Facilities Quarantine Centre သို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သည့် Surgical Gown (၅၀) ထည်၊ Plastic Apron (၁၀၀) ခုပါ   ၂ ထုပ်၊ Surgical Mask (၁၀၀၀) ခု၊ Face Shield (၂၀၀ )ခု၊  KN 95 Mask (၂၀)ခု၊ လက်အိပ် (၁၀၀)ခုပါ ၂ ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၅၀၀ မီလီ) ၅ ဘူး၊ လက်ဆေးဆပ်ပြာရည် (၅၀၀ မီလီ) ၅ ဘူး၊ အရက်ပျံ (၅၀၀ မီလီ) ၅ ဘူး၊ သွားတိုက်ဆေး+သွားပွတ်တံ+ဆပ်ပြာတုံး (၃)မျိုးတွဲပါ (၁၀၀)စုံ၊ မြက်ဖျာ၊ ခေါင်းအုံး+ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်ပါ (၁၀၀)စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်ပါ (၁၀၀)စုံ စုစုပေါင်း ငွေကျပ် ၁၄၆၈၉၀၀ တန်ဖိုးရှိပစ္စည်းများကို  Assistant Operation Manager  ဦးအောင်ခန့်က   ပေးအပ်လှူဒါန်းရာ တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။

အဆိုပါပစ္စည်းများကို တာမွေမြို့နယ်ရှိ Community  Based  Facilities  Quarantine  Centre များရှိ လိုအပ်သည့် နေရာများတွင် ဖြည့်ဆည်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
                                                                                                                                                                
မို့မို့အောင် ပြန်/ဆက်)