ရန်ကုန် ၈ အောက်တိုဘာ
လွယ်ဟိန်းကုမ္ပဏီသည် ကိုဗစ်လူနာများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာများတွင် အသုံးပြုရန် ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ Alpine သောက်ရေသန့်များကို ယနေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်ရောဂါကုသပေးနေသည့် ဧရာဝတီစင်တာကို အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) လေ့ကျင့်ရေးကွင်း၊ သုဝဏ္ဏဘောလုံးကွင်းရှိ လက်ရွေးစင်ကစားသမားများ နားနေဆောင်နှင့် ဘောလုံးကွင်းတို့၌ ဖွင့်လှစ်ထားပြီး လွယ်ဟိန်းကုမ္ပဏီအနေဖြင့် ယင်းစင်တာများတွင် အသုံးပြုရန် Alpine သောက်ရေသန့်ဘူးပေါင်း လေးသိန်းကျော်ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
လွယ်ဟိန်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက သောက်ရေသန့်ဘူးများ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ဖိုးသော်ဇင်


