၁။     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှု များအရ  ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာ အတွင်းရှိ ကျေးရွာများတွင်  နောက်ဆုံးအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထား ကြေညာလျက်ရှိပါသည်။

 

၂။     ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်စေရေးအတွက် ပြည်သူများအား နေအိမ်တွင်သာ နေထိုင်စေရေးနှင့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ နေအိမ်မှထွက်ခွာသွားလာမှုများအား တားမြစ်ထားသည့် ကာလလည်း ဖြစ်ပါသည်။

 

၃။    သို့ဖြစ်ပါ၍ အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိသော မဲဆန္ဒရှင်များအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၄-၉-၂၀၂၀ ရက်နေ့အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ကြောင်းနှင့် Mobile application ဖြစ်သည့် findyourpollingstation.apk ကို Google Play Store တွင် Download ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန် ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်။

 

၄။    သို့ရာတွင် မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရှာဖွေရာတွင် ဝင်ရောက် ကြည့်ရှုရှာဖွေသူများပြားသဖြင့် ကြန့်ကြာမှုများ ကြုံတွေ့နေကြရကြောင်း သိရှိရသည့်အတွက် ယခုအခါ ပိုမိုလွယ်ကူ အဆင်ပြေစေရန်ရည်ရွယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုချင်းစီအလိုက် ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် အောက်ဖော်ပြပါ Web Application များတွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်-

 

( က )    ကချင်ပြည်နယ်            http://bit.ly/kachin-voters

 

(  ခ  )    ကယားပြည်နယ်            http://bit.ly/kayah-voters 

 

(  ဂ  )    ကရင်ပြည်နယ်            http://bit.ly/kayin-voters

 

( ဃ )    ချင်းပြည်နယ်            http://bit.ly/chin-voters

 

(  င  )    စစ်ကိုင်းတိုင်းဒေသကြီး        http://bit.ly/sagaing-voters

 

 

(  စ  )    တနင်္သာရီတိုင်းဒေသကြီး        http://bit.ly/tanintharyi-voters

 

( ဆ )    ပဲခူးတိုင်းဒေသကြီး        http://bit.ly/bago-voters

 

(  ဇ  )    မကွေးတိုင်းဒေသကြီး        http://bit.ly/magway-voters

 

(  ဈ  )    မန္တလေးတိုင်းဒေသကြီး        http://bit.ly/mandalay-voters

 

(  ည )    မွန်ပြည်နယ်            http://bit.ly/mon-voters

 

(  ဋ  )    ရခိုင်ပြည်နယ်            http://bit.ly/rakhine-voters

 

(  ဌ  )    ရန်ကုန်တိုင်းဒေသကြီး        http://bit.ly/yangon-voters

 

(  ဍ  )    ရှမ်းပြည်နယ်            http://bit.ly/shan-voters

 

(  ဎ  )    ဧရာဝတီတိုင်းဒေသကြီး        http://bit.ly/ayarwaddy-voters

 

( ဏ )    ပြည်ထောင်စုနယ်မြေ        http://bit.ly/naypyitaw-voters

 

၅။    Web Application အသုံးပြု၍ မဲစာရင်းရှာဖွေခြင်း ရှင်းလင်းချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် Web application နှင့် UEC Facebook စာမျက်နှာတို့တွင် ဖော်ပြပေးထားမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်