တွံတေး ၉ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်း တက်ရောက် နေသော သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက Standard Q COVID-19 Antigen (RDT) Test ဖြင့် ယမန်နေ့က စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တွံတေးမြို့နယ်အတွင်းရှိ သင်တန်း(၃)နေရာတွင် သင်တန်းတက်ရောက် နေကြသော အထူးရဲ (၃၈၄)ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခြင်း ပထမအကြိမ်အဖြစ် (၂၄၈) ဦးကို Swab ရယူပြီး ဒုတိယအကြိမ်အဖြစ် ကျန်ရှိသော(၁၃၆)ဦးကို ယနေ့ဆက်လက်၍ Swab ရယူစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)


