ပဲခူး ၉ အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေဧရိယာ (၁၄ ဒသမ ၅၆) ဧကအား Jaing Nan Co., Ltd မှ  လာရောက်လှူဒါန်းခဲ့သည်။

 

ရှေးဦးစွာ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အလိုင်နီဆည်အနီး မြေဧရိယာ(၁၄ ဒသမ ၅၆)ဧကအား Jaing Nan Co., Ltd မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအား မြေနေရာခွင့်ပြု ချထားပေးနိုင်ရန်အတွက် မြေဧရိယာ (၁၄ ဒသမ ၅၆)ဧကအား မြေပုံများ၊ စာချုပ်များဖြင့် လာရောက် လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများ၊  Jaing Nan Co., Ltd ဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဒေသဖွံ့ဖြိုရေးအတွက် CSR(Corporate Social Responsibility) လုပ်ငန်းအနေဖြင့် Jaing Nan Co., Ltd မှ အကုန်အကျခံ ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

တင်စိုး(ပဲခူး)