မယ်စဲ့    ၉  အောက်တိုဘာ                                                                                       

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မန်းချောင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နမ့်မန်းရေပေးမြောင်းပေါင် အလျား ပေ ၄၀၀  အကျယ် ၈ ပေ၊ အနက် ၁၅ ပေ ခန့် ရေတိုက်စားပျက်စီးသွားခဲ့သည်။

 

အဆိုပါ ရေတိုက်စားပျက်စီးသည့် အပိုင်းအား ဘောလခဲခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းမြင့်ဦးနှင့် ဝန်ထမ်းများက နမ့်မန်းရေပေးမြောင်းပေါင် မြေပြန်လည်ဖို့ခြင်း လုပ်ငန်း (၅၀၀ x ၂၀ x ၁၆) ပေ ကို ပြည်နယ်ရန်ပုံငွေကျပ် ၁၇ ဒသမ ၁ သန်းဖြင့်လည်းကောင်း၊ နမ့်မန်းချောင်းအား မူလလမ်းကြောင်းအတိုင်း ရေလမ်းကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း (၁၃၀၀ x ၃၀ x ၁၀) ပေ ကို ပြည်နယ်ရန်ပုံငွေကျပ် ၉ သန်းဖြင့် လည်းကောင်း ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)