ခန္တီး ၉ အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(တိုင်းဒေသကြီး) ခွင့်ပြုရန်ပုံငွေကျပ် ၅၀ ဒသမ ၃၅၂ သန်း ဖြင့် ခန္တီးမြို့နယ် ပင်ထောင်လောင်ဆောက်ကျေးရွာ ပညာရေးဝန်ထမ်းအိမ်ရာ (၅၂ x ၃၆ x ၁၂ ပေ) RC နှစ်ခန်းတွဲ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော်နှင့် လုပ်ငန်းဆောင်ရွက်ခဲ့သည့် တာဝန်ခံတို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)