ကလေး  ၉   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင်(၃၀၀)ဆံ့ဆေးရုံကြီး (တိုင်းရင်းဆေးရုံ)တွင် ဆေးကုသ မှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃)ဦးသည် ဆေးရုံဆင်းသတ်မှတ်ချက်များအရ ယနေ့ နံနက် ၉ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လူနာများမှာ စမ်းမြို့ရပ်ကွက် အသက် (၃၈)နှစ်၊ (၄၂)နှစ်၊ (၄၈)နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကြောင်း သိရသည်။ ဆင်းရုံဆင်းခွင့်ရရှိသူများကို ကလေးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်၊ ကလေးမြို့ခုတင်(၃၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းနှင့် တာဝန်ရှိသူများက  ဆေးရုံဆင်းပြီးနောက် လိုက်နာရမည့်အချက်များကို တိတိကျကျလိုက်နာရန် မှာကြားခဲ့ကြသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၂၈)ဦး ရှိကာ ဆေးရုံဆင်းခွင့်ရှိသူ (၁၁)ဦးရှိပြီး ကျန်ရှိနေသည့် (၁၇)ဦးတို့ကို ကလေးမြို့ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီး(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)