လားရှိုး ၉ အောက်တိုဘာ
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပါသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာ ၉ ရက်နေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား (၃၂)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း (၃၇)ဦးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါ နေရပ်ပြန် ပြည်သူ(၃၇)ဦးတို့တွင် ကချင်ပြည်နယ်မှ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၈)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၂)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၇)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၄)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦး တို့ဖြစ်ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေ ၆ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား ၁၀၇၀၃ ဦး၊ အမျိုးသမီး ၆၅၉၇ ဦး၊ စုစုပေါင်း ၁၇၃၀၀ ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)


