မင်းလှ ၉ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရွာသာလှ၊ ပင်္ဂ၊ ငလှိုင်၊ ပျဉ်းပင်စမ်း ကျေးရွာလေးရွာ၌ သောက်သုံးရေ ဖူလုံစေရေးရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်မူလခွင့်ပြု ရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန် တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ရွာသာလှကျေးရွာတွင် အလျား ၂၀၀ ပေ၊ အနံ ၅၀ ပေ၊ အနက် ၄ ပေ မြေသားမိုးရေ လှောင်ကန် တိုးချဲ့တူးဖော်ခြင်လုပ်ငန်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ် မူလခွင့်ပြုရန်ပုံငွေ ကျပ် ၁၂ ဒသမ ၃၅ သန်းဖြင့် လည်းကောင်း၊ ပင်္ဂကျေးရွာတွင် အလျား ၂၅၀ ပေ၊ အနံ ၆၀ ပေ၊ အနက် ၅ ပေတူးဖော်ခြင်းလုပ်ငန်းကို ရန်ပုံငွေကျပ် ၁၁ ဒသမ ၄၀ သန်းဖြင့် လည်းကောင်း၊ ငလှိုင်ကျေးရွာတွင် အလျား ၁၅၀ ပေ၊ အနံ ၅၀ ပေ၊ အနက် ၃ ပေတူးဖော်ခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ် ၁၂ သန်းဖြင့် လည်းကောင်း၊ ပျဉ်းပင်စမ်းကျေးရွာတွင် အလျား ၁၀၀ ပေ၊ အနံ ၅၀ ပေ၊ အနက် ၅ ပေတူးဖော်ခြင်း လုပ်ငန်းကို ရန်ပုံငွေကျပ် ၁၀ သန်း၊ စုစုပေါင်း ရန်ပုံငွေကျပ် ၄၅ ဒသမ ၇၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာလေးရွာ၌ မြေသားမိုးရေလှောင်ကန် တူးဖော်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာလေးရွာရှိ အိမ်ခြေ ၄၂၆ မှ၊ လူဦးရေ ၁၈၁၈ ဦးတို့အပြင် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောပြ၍ သိရသည်။
ငြိမ်းသူ


