မိုးကုတ် ၉ အောက်တိုဘာ
မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ပရဟိတ မိဘမဲ့ကလေး ဂေဟာ များတွင် အာဟာရနို့ တိုက်ကျွေးခဲ့ကြပြီး mask များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ၁၀ နှစ်အောက် ကလေးငယ်များ အာဟာရ ပြည့်ဝစေရန် နို့တိုက်ကျွေးခြင်းဖြစ်ကြောင်း ပြောသည်။ မိုးကုတ်မြို့ ရေပူရပ်ရှိ ရတနာသိဒ္ဒိဂေဟာနှင့် ဘုရားသုံးဆူရပ်ရှိ မေတ္တာရင်ခွင် ဂေဟာများမှ ၁၀ နှစ် အောက်ကလေး (၆၀)ခန့်ကို အာဟာရနို့ တိုက်ကျွေးခဲ့ကြပြီး အဆိုပါဂေဟာများရှိ ဆရာ၊ ဆရာမနှင့် ကလေးပေါင်း (၂၀၀)ကျော်တို့ကို mask များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)


