လဟယ်   ၉   အောက်တိုဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားချက်တွင် မပါ၀င်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သည့်လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်တွင် အထူးရန်ပုံငွေဖြင့် ဖြည့်စွက်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

 

အဆိုပါ လုပ်ငန်းများတွင် ရွှေလောကျေးရွာမှ အိန္ဒိယနယ်စပ် ကျောက်တိုင် အမှတ်(၁၅၁)ထိ ကားလမ်းသစ် ဖောက်လုပ်ခြင်း၊ ဂမ်းည-ယမ်းကြိမ် လမ်းပိုင်းနှင့် ယမ်းကြိမ်တွေး ထွေနောက်ကျော့လမ်းပိုင်းအား လမ်းအူကြောင်း ရှာဖွေခြင်း၊ လဟယ်မှ-ယမ်းကြုံးထိ (လဟယ်-လောင်ကျန်းနောက်ကုန်း-တိုက်ရံ- လကျန်း-လန်ထိန်-တွေးထွေနောက်ကျော့-လောင်ဂီး-ယမ်းကြုံး-ဂမ်းည)လမ်းပိုင်းများအား ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခေတ္တနာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး(လဟယ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလတ်ဆက်နှင့်အတူ  တာဝန်ရှိသူများလိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မွှေးကြူဇင်